Friday, March 14, 2014

Toyota Belta ဆိုသည်မှာ

ဒီတစ်ခါတော့ Toyota Belta အကြောင်းရေးကြည့်မယ်နော်။ ၁၃၀၀စီစီတွေထဲမှာ များသောအားဖြင့် Hatchback လို့ခေါ်တဲ့ ကားနောက်ပိုင်းလုံးလုံး၊ ခုံးခုံးလေးတွေ များကြပါတယ်။ မော်ဒယ်အမြင့်ပိုင်းမှာကလည်း ၁၃၀၀စီစီမှသာ အခွန်နှုန်းသက်သာတာမို့ ၁.၃ ဆိုရင် Saloon Type အနေနဲ့ ရွေးချယ်စရာက အရမ်းရှားပါး၊ နည်းပါးပါတယ်။ Saloon ထဲမှာဆို Honda Civic ကျတော့ တချို့က hybrid မို့ စာဖတ်ကြတယ်၊ မကြိုက်ကြဘူး၊ Corolla Axio, Tida Latio ကျပြန်တော့လည်း အခုနောက်ပိုင်းနှစ်တွေကမှ ၁.၃ အင်ဂျင်နဲ့ စထုတ်တာမို့ ကားရှားပြီး ဈေးကြီးတယ်။ ဒီတော့ ၁.၃ တွေထဲမှာ စလွန်းထဲက ရွေးချယ်စရာဆိုလို့ လွတ်လွတ်ကင်းကင်း Toyota Belta သာ ကျန်ရှိပါတော့တယ်။ 

Belta မှာက ရွေးချယ်စရာ (၃)မျိုးရှိပါတယ်။ Chassis code နဲ့ပဲ ခွဲရရင် ...
SCP92 - 1300cc, 2WD
NCP96 - 1300cc, 4WD
KSP92 - 1000cc, 2WD
ဒီထဲမှာမှ SCP92 ကိုသာ လူကြိုက်များကြပါတယ်။ တချို့လည်း ဈေးသက်သာပြီး အင်ဂျင်သေးတဲ့ ၁၀၀၀စီစီ KSP92 ကို စီးကြပါတယ်။

မော်ဒယ်ခုနှစ်နဲ့ ခွဲရရင်တော့ ဒီကားလေးတွေကို ၂၀၀၅ ခုနှစ် ၁၁လပိုင်းမှ စတင်ထုတ်လုပ်တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ၈လပိုင်းမှာတော့ သူတို့ရဲ့ အရှေ့ ရှဲ ပုံစံပြောင်းသွားပါတယ်။ နောက်ပြီး side mirror မှာလည်း မီးတန်းလေး ပါသွားပါတယ်။
(ပုံရဲ့ ညာဘက် အပေါ်အောက် (၂)စီးကို ယှဉ်ကြည့်လိုက်ပါ။ အပေါ်က ရှေ့ရှဲမှာ ကန့်လန့်တန်းပါတာက မော်ဒယ်အနိမ့်ဖြစ်ပြီး အောက်က အဖြူရောင်နဲ့ ဘေးမှန် မီးတန်းပါတာက မော်ဒယ်အမြင့်ပါ။) 
ဒီတော့ ရှေ့ရှဲကိုကြည့်လိုက်တာနဲ့ အလယ်က ကန့်လန့်တန်းပါရင် မော်ဒယ်နိမ့်တယ်။ ရှဲရဲ့အလယ်မှာ ကန့်လန့်တန်းမပါဘူး၊ ဇကာပေါက်လိုလို ပျားအုံလိုလိုမျိုးနဲ့ဆို မော်ဒယ်မြင့်ပါတယ်။ 
မော်ဒယ်မြင့်မှလည်း ဒိုင်ခွက်မှာ RPM (revolutions per minute) ပါပါတယ်။။ 

ကားရဲ့ ဂရိတ်တွေကို ခွဲပြရရင်တော့ Business Package, X, X Lpackage, G ဆို ပြီး (၃)မျိုးရှိပါတယ်။ 

Business Package - taxi grade လို့လည်း ပြောလို့ရပါတယ်။ side mirror တို့ တံခါးလက်ကိုင်တို့က အနက်ရောင်နဲ့ပါ။ (ပုံရဲ့ ဘယ်ဘက်က အစီးပါ။) 
ထူးခြားတာက Power Window တောင် မပါဘူး၊ တခြား ဘာ feature မှလည်း မပါဝင်ပါဘူး။ (တချို့လည်း အဲ့ဒီ ဂရိတ်ကိုဝယ်ပြီး ပြန်ပြင်ကြပါတယ်။)

X - သူ့မှာတော့ ပါဝါ၀င်းဒိုးတွေပါလာပြီ၊ ဒါပေမယ့် အနောက် original အနောက် speaker မပါပါဘူး။ aircon ကျလည်း လှည့်ဖွင့်ရတာမျိုးပါ။

X L - aircon ခလုတ် button type နဲ့ဖြစ်သွားပြီ။ Push start မဖြစ်တာကလွဲတော့ ကျန်တာ အကုန်နီးနီးပါဝင်နေပါပြီ။

G- Belta ရဲ့ အမြင့်ဆုံး ဂရိတ်ပါပဲ။ Push start နဲ့ပေါ့။


ထူးခြားတာက SCP92 နဲ့ NCP96 မှာသာ XL နဲ့ G ရှိပါတယ်။
KSP92, 1000cc ထဲမှာဆိုရင်တော့ X အဆင့်သာရှိပါတယ်။ 
(1000cc လို့လည်း ပြောသေးတယ်၊ သူ့ကားက G grade ပါလို့ ပြောလာရင် တစ်ခုခုလွဲနေပြီဆိုတာ သတိပြုစေချင်ပါတယ်။)


Credit to: ကိုထွဋ်ထိပ် ( Distinct Trading Co., Ltd. )

No comments:

Post a Comment