Friday, March 14, 2014

ကားဘယ်လို ထိန်းသိမ်းမှာလဲ

ကားမှာပါလာတဲ့ မန်နုရယ်က ဂျပန်လိုရေးထားလို့ စင်ကာပူပြန်ရောက်မှ အင်းဂလိလိုရေးထားတဲ့ စာအုပ်ကို အင်တာနက်မှာရှာပြီး မြန်မာလိုဘာသာပြန်ရတယ်။ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ကားမောင်းသူတွေ ကားကိုဘယ်လို ဂရုစိုက်ရမလဲလို့ သိအောင်လို့လေ။ လူတွေက ကားသာမောင်းချင်ကြတာ ကားသန့်ရှင်းရေးလုပ်ဖို့ကြတော့ တယ်စိတ်ဝင်စားပုံမရဘူး။ အချိန်တန် ရေဆေး ဆီလိုက်ရုံသွားထိုးတာလောက်ကတော့ လူတိုင်းလုပ်တတ်တာပေါ့နော်။ ကားဆိုတာကလည်းခုမှ ခွေကိုင် ဖူးသူတွေနဲ့ ထားခဲ့ရတာမို့ အမြန်ဘာသာပြန်ပြီး အင်တာနက်ကနေ ပို့ပေးလိုက်ရတယ်။ အနည်းဆုံးတော့ ဗဟုသုတတော့ရမှာပေါ့။ ပြီးတော့ သူတို့ဆက်တွေးရင်တော့ ပိုင်ရှင်က သူ့ကားကို သေချာဂရုစိုက်စေချင်လို့ ပေးတာဖြစ်မယ်ဆိုပြီး သဘောပေါက်ရင်တော့ ဘာသာပြန်ရကျိုးနပ်ပါတယ် ပြောရမယ်။

သင်၏ကားကြာရှည်ခံဖို့ဆိုရင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။
1.    အညစ်ကြေးများနှင့် ဖုန်မှုန့်များကို ဖယ်ရှားပစ်ရန် ရေများများနှင့် ကားအပေါ်မှ အောက်သို့လောင်းချပါ။ ထိုသို့လောင်းရာတွင် ကားကိုယ်ထည်၊ ကားဘီး၊ ကားအောက်ပိုင်းဟူ၍ အဆင့်ဆင့်လောင်းရမည်။ ကားရေဆေးရာတွင် ရေမြုပ် သို့ နှုးညံသောအ၀တ်စ (ရှမွိုင်းသား) ကို သုံးပါ။
2.    ဖယ်ရှားဖို့ခက်တဲ့ အဆင်း၊အစွန်းများအား ကားရှန်ပူးသုံး၍ ရေပြောင်အောင် သေချာဆေးပါ။
3.    ရေတွေကိုပြောင်အောင် သုတ်ပစ်ပါ။
4.    ဆေးရောင်တွေ မှိန်လာသောအခါ ကစ်တိုက်ပေးပါ။
5.    သန့်ရှင်းသွားသော ကားကိုယ်ထည်တွင် ရေစက်မကျန်တော့ဘဲ အေးနေစဉ် ကစ်တိုက်ရမည်။

အလိုလျောက်စက်ဖြင့် ရေဆေးစဉ် အောက်ပါတို့ကို သတိပြုရမည်
·         ဘေးနောက်ကြည့်မှန်တွေကို အတွင်းပြန်ခေါက်ပါ။
·         စက်နဲ့ရေဆေးတဲ့အခါ သုံးတဲ့ ဘရပ်တွေက ကြမ်း၍ သင်ကား၏ ဆေးများကို ထိခိုက်စေနိုင်သည်။

ပရက်ရှာမြင့်တဲ့ ရေပိုက်နဲ့ ထိုးဆေးရင် အောက်ပါတို့ကို ရှောင်ပါ
·         အရှိန်နဲ့ပန်းနေတဲ့ ပိုက်ခေါင်းကို ပြတင်းတံခါးတွေနဲ့ အရမ်းမကပ်ပါစေနဲ့။
·         ကားရေဆေးဆိုင်မသွားခင် သင့်ကားဆီဖြည့်တဲ့ တံခါး သေချာပိတ်ထားမထား စစ်ဆေးပါ။

သင်၏ကားဆေးရောင်မှိန်ခြင်း၊ သံခြေးတက်ခြင်းမှကာကွယ်ရန်
အောက်ပါအခြေအနေများမှာ ရေချက်ခြင်းဆေးပါ
1.    ပင်လယ်ကမ်းခြေနားမှာ ကားမောင်းပြီးရင်
2.    ဆားငံရည်တွေ ဖုံးလွှမ်းနေတဲ့လမ်းပေါ် မောင်းပြီးရင်
3.    သင့်ကားပေါ်မှာ ကတ္တရာစေး နဲ့ သစ်စေးတွေ တွေ့ရင်
4.    သင့်ကားပေါ်မှာ အင်းဆက်အသေကောင် နဲ့ ငှက်ချီးတွေ့ရင်
5.    သံမှုန့်၊ ဓာတုမှုန့်၊ ဆီငွေ့၊ သတ္တုမှုန်၊ ပြာမှုန့်တွေ ရှိတဲ့နေရာတွေမှာ မောင်းပြီးရင်
6.    ကားမှာ ဖုံမှုန့် နဲ့ ရွှံ့တွေ များနေရင်
7.    ဆီတွေလျှံကျပြီး ကားပေါ်မှာပေနေရင်
သင့်ကားဆေးကို ခြစ်မိရင် သို့ ပွတ်မိရင်၊ ချက်ချင်းပြုပြင်ဖာထေးရမယ်။
ကားဘီးများကို ပျက်ဆီးခြင်းမှကာကွယ်ရန်အတွက် ဖုန်မှုန့်များအားသန့်ရှင်းပြီး လေထုစိုထိုင်းဆ နိမ့်သော နေရာတွင် သိမ်းဆည်းထားရမည်။
အပြင်မီးလုံးများအား သန့်ရှင်းရေးလုပ်ခြင်း
·         သေချာဂရုတစိုက် ဆေးပါ။
·         ဓာတုပစ္စည်း နဲ့ ကြမ်းတမ်းသော ဘရပ်ရှ်များ မသုံးရ။ မီးလုံးမျက်နှာပြင်တွေ ပျက်စီးစေတတ်သည်။
·         ကစ်တွေနဲ့ မီးလုံးများကို မတိုက်ရ။ မီးလုံးမှာရှိတဲ့ မှန်ဘီလူးများအား ပျက်စီးစေတတ်သည်။

လေကာမှန်သုတ်တံများ မပျက်စီးရန်
၎င်းတို့ကို လေကာမှန်မှ ခွာပါက၊ ကားမောင်းသူဖက်ခြမ်းမှ အတံကို စ မရမည်။ ပြီးမှ ပါစင်ဂျာဖက်က အတံကို မပါ။၎င်းတို့ကိုပြန်ချရင် အစဉ်အတိုင်း နောက်မှပြန်ချပါ။ ပါစင်ဂျာဖက် အရင် ချပြီးမှ ကားမောင်းသမားဖက်ကိုချ ရမည်။

သားရေပစ္စည်းများကို ထိန်းသိမ်းခြင်း
ကား၏ အတွင်းသားရေခုံများအား အနည်းဆုံး သုံးလ တကြိမ် သန့်ရှင်းပေးခြင်းဖြင့် သင်၏ကား အတွင်းပိုင်း အရည်အသွေးအား ထိန်းသိမ်းပေးရာရောက်၏။

ခြေသုတ်ခုံများအား ရေဆေးခြင်း
ဈေးကွက်ထဲတွင် ကားရေဆေးတဲ့ ပစ္စည်းအများအပြားရှိပါတယ်။ ရေမြုပ် သို့ ဘရပ် သုံးပြီး ဆပ်ပြာမြုပ်ကို သုတ်ပါ။ အထပ်ထပ် ရှေ့နောက် ဖိသုတ်ပါ။ ရေမသုံးရ။ ခြေသုတ်ခုံများကို အခြောက်ခံပြီးမှ ကားထဲပြန်ထည့်ရမယ်။

ထိုင်ခုံခါးပါတ်များ
ဆပ်ပြာပျော့ပျော့နဲ့ ရေကြက်သိမ်းနွေးလေးသုံး၍ အ၀တ်သို့ ရေမြုပ်နဲ့ သန့်ရှင်းရေးလုပ်ပါ။ ခါးပါတ်များတွင် အလွန်အကျွံစားထားမထား၊ ဆွေးမဆွေး၊ ထိခိုက်မိ၍ ပြတ်ရာ ရှိမရှိ မကြာမကြာစစ်ဆေးပါ။


ကားထဲက ရေ
·         ကားထဲမှာ ရေကို မဖိတ် မစဉ်မိပါစေနှင့်။ လျှပ်စစ်နှင့်ပါတ်သက်သော ကားတွင်းအစိတ်အပိုင်းများ ကြောင်တတ်ပြီး၊ ဆိုးပါက ကားမီးလောင်တတ်သည်။
·         လေအိတ်နဲ့ပါတ်သက်တဲ့ အစိတ်အပိုင်းများနှင့် ကားတွင်းဝါယာများကို ရေမစိုမိပါစေနှင့်။ ရေစိုပါက လေအိတ်များ အလိုအလျှောက်ပွင့်လာ၍၊ ပြင်းထန်သော ဒဏ်ရာ သို့ သေတတ်သည်။
ကားဒက်ရှ်ဘုတ်ကို သန့်ရှင်းခြင်း
ကစ် သို့ ပေါ်လစ်ရှ် ဆေးများ မသုံးရ။ လေကာမှန်မှာ သွားရောင်ပြန်ဟပ်ပြီး ကားမောင်းသူရဲ့ မြင်ကွင်းကို နှောင့်ယှက်စေတတ်သောကြောင့် အက်စီးဒန့်ဖြစ်တတ်ပြီး အသက်သေစေနိုင်သည်။

အောက်ပါအချက်များက သင့်ကားအတွင်းပိုင်းကို အမြဲ သန့်ရှင်းနေစေမည်။
ကားအတွင်းပိုင်းကို ကာကွယ်ခြင်း
·         ဖုံ နဲ့ အညစ်အကြေးများအား ဖုန်စုပ်စက်သုံး၍ ဖယ်ရှားပါ။
·         ညစ်ပေနေတဲ့ မျက်နှာပြင်တွေကို ရေနွေးနွေးလေးစိမ်ထားတဲ့ အ၀တ်စသုံး ဆေးပစ်ပါ။
သားရေခုံများကို သန့်ရှင်းခြင်း
·         ဖုံ နဲ့ အညစ်အကြေးများအား ဖုန်စုပ်စက်သုံး၍ ဖယ်ရှားပါ။
·         အရမ်းညစ်ပေနေတဲ့ မျက်နှာပြင်တွေကို ဆပ်ပြာရေစိမ်ထားတဲ့ အ၀တ်စသုံး ဆေးပစ်ပါ။
·         မတိုက်ခင် ရေစိုဝတ်အား သေချာညှစ်ပစ်ပြီး မှတိုက်ပါ။ ဆပ်ပြာများ မကျန်ခဲ့ရန် ဂရုစိုက်ရမည်။
·         ထို့နောက် အ၀တ်ခြောက်နဲ့ ရေငွေ့တွေပြောင်အောင်သုတ်ပါ။ သားရေခုံတွေ သေချာခြောက်အောင် လေတိုက်၍ အရိပ်ရသောနေရာမှာ ကားကိုထား၍ အခြောက်ခံပါ။
သားရေနဲ့လုပ်ထားတဲ့ မျက်နှာပြင်များအား ကာကွယ်ခြင်း
·         ဖုံနဲ့ အညစ်အကြေးများအား ချက်ချင်းဖယ်ရှားပါ
·         ကားကိုနေရောင်အောက်မှာ အကြာကြီး မရပ်ပါနှင့်။
·         ကားကို အရိပ်ရတဲ့နေရာတွေမှာ ရပ်ထားပါ။ အထူးသဖြင့် နွေရာသီလို အရမ်းပူတဲ့အချိန်တွေမှာ။
·         ပလပ်စတစ်နဲ့လုပ်ထားတဲ့ပစ္စည်းတွေကို ကားထဲမထားပါနှင့်။ ကားတွင်းအပူရှိန်မြင့်တက်လာသောအခါ အဲဒီပစ္စည်းတွေက ပျော်လာပြီး သင့်ကားတွင်း သားရေမျက်နှာပြင်များအား သွားကပ်နေလိမ့်မည်။

ကားကြမ်းခင်းပေါ်ကရေ
·         ကားကြမ်းခင်းကိုဘယ်တော့မှ ရေနဲ့မဆေးပါနှင့်။
·         ကားအောက်မှာရှိတဲ့ လျှပ်စစ်ဝါယာကြိုးတွေကို ရေထိတဲ့ခါ သင့်ကားရဲ့ အသံစနစ်ကို ပျက်စီးစေပါတယ်။ ပြီးတော့ ကားအောက်ပိုင်းကို သံချေးတက်စေပါတယ်။

နောက်လေကာမှန် သန့်ရှင်းခြင်း
·         မှန်ဆေးသုံး၍ နောက်မှန်ကို မသန့်ရှင်းရ။ သုံးပါက နောက်မှန်ထဲတွင်မြုပ်ထားသော နှင်းဖျက်ဝါယာတွေနဲ့ အန်တီနာတွေ ကို ပျက်စီးစေတတ်သည်။
·         ရေနွေးနွေးလေးစိမ်ထားတဲ့ အ၀တ်စနဲ့ပဲ ညင်သာစွာ သန့်ရှင်းပေးရမယ်။
·         တိုက်ရာမှာ မှန်ထဲမှာမြုပ်ထားတဲ့ အစင်းကြောင်းလေးတွေရဲ့ လားရာအတိုင်းပဲ အပြိုင်တိုက်ပါ။

·         အဲဒီအစင်းကြောင်းလေးတွေကို မထိခိုက်မိအောင် ဂရုစိုက်ပါ။

No comments:

Post a Comment