Friday, March 14, 2014

ကားဘယ်လိုမောင်းမှာလဲ

ဒီပို့(စ်)မှာ ဘာသာပြန်ထားတာလေးတွေက ကားမောင်းတတ်သူတွေအဖို့ ရယ်စရာဖြစ်နေပေမယ့်၊ ကားပေါ်ကို ခုမှ စတက်မယ့် ကျွန်တော့်မမကြီးနဲ့ ယောက်ဖတို့လိုလူတွေ အတွက်တော့ အသုံးဝင်လိမ့်မယ် ထင်ပါတယ်။ အော်တိုကားတွေ အတွက်ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ တခုခုလွဲနေရင်တော့ ဘာသာပြန်သူ ရဲ့အမှားသာဖြစ်ပါတယ်။ ကားကတော့ Toyota Yaris 2010 မော်ဒယ်အတွက်ဖြစ်ပါတယ်။ တကယ်တော့ Toyota Belta 2010 မော်ဒယ်အတွက်လိုချင်ပေမယ့် ရှာမရလို့ အနီးစပ်ဆုံးတူတဲ့ မော်ဒယ်ကိုပဲ ဘာသာပြန်းပေးလိုက်ပါတယ်။ အားလုံး ကားမောင်းရင် အစဉ်ပြေကြပါစေ။

ကားမောင်းနှင်ခြင်း
ဘေးကင်းတဲ့ ကားမောင်းနှင်ခြင်းဖြစ်ဖို့ အောက်ပါတို့ကို လေ့လာထားသင့်ပါသည်။

အော်တိုဂီယာကားမောင်းခြင်း
·         ဘရိတ်ကိုနင်းထားပြီး၊ ဂီယာကို D သို့ရွှေ့လိုက်ပါ။
·         ပါကင်ဘရိတ်ကို လွှတ်လိုက်ပါ။
·         ဘရိတ်ကိုဖြည်းဖြည်းခြင်းလွှတ်နေစဉ် တချိန်တည်းမှာပဲ လီဗာကို ဖြည်းဖြည်းချင်းနင်းပါ။

ကားရပ်ခြင်း
·         ဘရိတ်ကိုနင်းပါ။
·         လိုအပ်ရင် ပါကင်ဘရိတ်ကိုသုံးပါ။
·         အကယ်၍ ကားကိုအချိန်ကြာမြင့်စွာရပ်မယ်ဆိုရင်တော့၊ ဂီယာကို P / N သို့ရွှေ့ပါ။

ကားပါကင်ထိုးခြင်း
·         ဘရိတ်နင်းပါ
·         ပါကင်ဘရိတ်ကို ဆွဲပါ
·         ဂီယာကို P သို့ပြောင်းပါ။ အကယ်၍ ဆင်ခြေလျှော သို့ တောင်ကုန်းမှာ ပါကင်ထိုးရမယ်ဆိုရင်တော့၊ လိုအပ်ရင် ဘီးတွေကို တခုခုနှင့် တားဆီးပေးပါ။
·         စက်ကိုရပ်လိုက်ပါ
·         ကားတံခါးကို သော့ခတ်ပါ။မထွက်ခင် သင့်မှာ ကားသော့ အတူပါရှိမရှိ စစ်ဆေးပါ။

တောင်ကုန်းစောက်စောက်မှ စတင်ထွက်ခွာခြင်း
·         ဘရိတ်ကိုနင်းထားစဉ် ဂီယာကို D သို့ပြောင်းပါ။ ပါကင်ဘရိတ် ကို မဖြုတ်သေးပါနှင့်။
·         လီဗာကို ဖြည်းဖြည်းခြင်း စနင်းပါ။
·         ထို့နောက် ပါကင်ဘရိတ်ကို ဖြုတ်ပါ။

မိုးထဲရေထဲမှာ ကားမောင်းခြင်း
·         ဂရုစိုက်မောင်းပါ။ မိုးရွာနေစဉ် မြင်ကွင်းတွေေ၀၀ါးလာမယ်။မှန်တွေမှာရေငွေ့ရိုက်ပြီး လမ်းတွေလည်း ချော်လာမယ်။
·         မိုးရွာခါစမှာ အထူးဂရုစိုက်ပါ။ မိုးရွာခါစ လမ်းတွေက ပိုချော်တတ်တယ်။
·         အမြန်လမ်းပေါ်မှာမောင်းရင်း အရှိန်လျှော့ပါ။ လမ်းနဲ့တာယာကြားမှာ မိုးရေတလွှာခံနေလို့၊ စတီယာရင်နဲ့ ဘရိတ်တွေက ကောင်းကောင်း အလုပ်မလုပ်ဘူး။

သတိပေးတားမြစ်ချက်များ
ကားစက်စနိုးစဥ
·         စက်နိုးနေစဉ် သင်၏ခြေထောက်ကို အမြဲ ဘရိတ်ပေါ်တင်ထားပါ။
·         အဲလိုလုပ်ခြင်းဖြင့် ကားမသိမသာ တွားတွားခြင်းမှ ကာကွယ်ပေးပါတယ်။

ကားမောင်းနေစဉ်
ကလပ်၊ဘရိတ် နဲ့ လီဗာတွေရဲ့နေရာမှန်တွေကို မရင်းနှီးသေးရင် ကားတက်မမောင်းပါနှင့်။ မှားပြီးနင်းမိရင် အန္တရာယ်ကြီးပါတယ်။
·         ဘရိတ်နင်းရမှာကို လီဗာနဲ့မတော်တဆမှားနင်းမိရင် ကားအရှိန်ရုတ်ချည်းတိုးလာလို့ မတော်တဆဖြစ်ပြီး ဒဏ်ရာအကြီးအကျယ်ရတတ်၊ သေတတ်ပါတယ်။
·         နောက်ဆုတ်တဲ့အခါ သင့်ခန္ဒာကိုယ်ကိုလှည့်လိုက်ရလို့ အဲဒီလီဗာနဲ့ဘရိတ်ကို မှန်မှန်ကန်ကန် နင်းမိဖို့ ခက်တတ်ပါတယ်။ သေချာနင်းမိပါစေ။
·         အရှိန်နည်းနည်းနဲ့သွားနေရင်တောင်မှ သင့်ကိုယ်သင် မှန်မှန်ကန်ကန် ထိုင်ဖို့လိုပါတယ်။ ဒါမှ လီဗာနဲ့ ဘရိတ်နင်းရာမှာ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်ပါမယ်။
·         ညာခြေသုံးပြီး ဘရိတ်နင်းပါ။ သင့်ဘယ်ခြေသုံးပြီး ဘရိတ်နင်းရင် အရေးပေါ်အခြေအနေမှာ တုန့်ပြန်တာ နောက်ကျလို့ အက်ဆီးဒန့် ဖြစ်နိုင်ပါတယ်။
မီးလောင်လွယ်တဲ့ပစ္စည်းတွေနား သင့်ကားကို မမောင်းမိ၊မရပ်မိပါစေနှင့်။ အိပ်ဇောငွေ့တွေက အလွန်အမင်းပူလာတတ်ပြီး အနားမှာရှိတဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို မီးစွဲလောင်စေတတ်တယ်။
ကားက ဂီယာ D ရောက်နေစဉ် ကားကို နောက်ပြန်မလိမ့်ပါစေနဲ့။ ဒါမှမဟုတ် ဂီယာက R ၀င်နေစဉ် ရှေ့မလိမ့်မိပါစေနဲ့။ အဲလိုဖြစ်ရင် ကားအင်ဂျင်ကို ရပ်သွားစေတတ်သလို၊ ဘရိတ်နဲ့ စတီရီယာရင် တွေရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေတာမို့ အက်ဆီးဒန့် သို့ သင့်ကားကို ပျက်ဆီးစေပါတယ်။
ကားထဲမှာ မီးခိုးနံ့ရရင် ကားပြတင်းကိုဖွင့်၍ နောက်တံခါးကျမကျ စစ်ဆေးပါ။ မီးခိုးမွှန်တာများရင် ကားမောင်းသူ နဲ့ ခရီးသည်တွေကို အိပ်ငိုက်စေပြီး အက်ဆီးဒန့်ဖြစ်စေနိုင်တယ်။ အဲလိုဖြစ်နေရင် သင့်ကားကို မြန်မြန်ကားဝပ်လျှော့ ပို့ စစ်ဆေးပါလေ။
ကားရွှေ့နေစဉ် ဘယ်တော့မှ ဂီယာနံပါတ် P,R,N  ကိုရွှေ့မိပါစေနှင့်။ အဲဒီလိုလုပ်မိလျှင် သင့်ကား၏ သတင်းအချက်အလက်ပို့ပေးတဲ့စနစ်ပျက်ဆီးသွားစေပြီး၊ သင့်ကားကို ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူး။
ကားရွှေ့နေစဉ် ဂီယာကို N သို့မရွှေ့မိပါစေနှင့်။ အဲလိုလုပ်မိလျှင် အင်ဂျင်ရပ်သွားပြီး အက်ဆီးဒန့်ဖြစ်နိုင်ပါတယ်။
ကားရွှေ့နေစဉ် အင်ဂျင်ကို ဘယ်တော့မှ မရပ်ပါနှင့်။ ပါဝါစတီရီယာရင်နဲ့ ဘရိတ်က အင်ဂျင်ရပ်သွားရင် အလုပ်ကောင်းကောင်းမလုပ်တော့ပါဘူး။
တောင်အဆင်းလမ်းတွေမှာ ဘေးကင်းစွာမောင်းနှင်နိုင်ဖို့ အင်ဂျင်ဘရိတ်ကို အသုံးပြုပါ။ သာမန်ဘရိတ်ကို အမြဲဖမ်းနင်းထားရင် ဘရိတ်ရှုးတွေ အပူချိန်တက်လာပြီး ကောင်းကောင်းအလုပ်မလုပ်တော့ဘူး။
တောင်စောင်းနဲ့ ဆင်ခြေလျှောတွေမှာ ကားခဏရပ်ရရင် နောက်ပြန် သို့ ရှေ့မလိမ့်သွားအောင် ပါကင်ဘရိတ်ကိုဆွဲထားပြီး ဘရိတ်ကိုလည်းနင်းထားပါ။
ကားမောင်းနေစဉ် ဘယ်တော့မှ စတီရီယာရင်၊ ထိုင်ခုံ နဲ့ အတွင်းအပြင်နောက်ကြည့်မှန်တွေကို မချိန်ညှိပါနှင့်။
ခရီးသည်တွေရဲ့ လက်၊ခေါင်းနဲ့ တခြားခန္ဒာကိုယ် အစိတ်အပိုင်းတွေ ကားပြင်မထွက်အောင် အမြဲ စစ်ဆေးပေးပါ။
ဘယ်တော့မှ သတ်မှတ်မိုင်နှုန်းထက်ပိုမမောင်းပါနှင့်။သင့်ကားတာယာက အမြန်နှုန်းမောင်းနိုင်တဲ့တာယာ အမျိုးအစားမဟုတ်ရင် ဥပဒေကခွင့်ပြုရင်တောင်မှ တနာရီ ၈၅ မိုင် (၁၄၀ ကီလိုမီတာ) ထက် ပိုမမောင်းပါနှင့်။ ခရီးဝေးမသွားခင် သင့်ကားတာယာ အမျိုးအစားကို မသေချာပါက တာယာဆိုင်ဝန်ထမ်းနှင့် စစ်ဆေးပြီးမှ အမြန်မောင်းနှင်သင့်သည်။ မသေချာပါက ၈၅ မိုင်ထက် ပိုမမောင်းပါနှင့်။

ချော်နေသောလမ်းပေါ်မောင်းသောအခါ
·         ရုတ်တရက် ဘရိတ်နင်းခြင်း၊ လီဗာနင်းခြင်း၊ စတီရီယာတိုင်ကို အမြန်ဆွဲကွေ့ခြင်းတွေက သင့်ကားတာယာကို ချော်စေမှာ ဖြစ်ပြီး ကားကို ထိန်းမရဖြစ်သွားတတ်တယ်။
·         အင်ဂျင်အမြန်နှုန်းကို ရုတ်တရက်ပြောင်းခြင်းကလည်းကားကိုရုတ်ချည်းရပ်စေမှာဖြစ်ပြီး အက်ဆီးဒန့်ဖြစ်နိုင်တယ်။
·         ရေအိုင်ငယ်လေးကိုဖြတ်မောင်းပြီးတိုင်း ဘရိတ်ကို ဖြည်းဖြည်းနင်းပြီး ကောင်းကောင်းအလုပ်လုပ်လားလို့စစ်ပေးပါ။ဘရိတ်ရှုးတွေရေစိုကုန်ရင် ဘရိတ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါ။ ဘရိတ်ရှုးတွေက တခြမ်းတည်းရေစိုရင်လည်း ကောင်းကောင်းအလုပ်မလုပ်သလို စတီယာရင် ကိုပါထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင်အက်ဆီးဒန့်လဲဖြစ်နိုင်တယ်။

ဂီယာချိန်းသောအခါ
·         ဂီယာချိန်းမယ်လုပ်တိုင်း သင့်ခြေထောက်ကို လီဗာပေါ်မှာမတင်မိစေဖို့ အထူးဂရုစိုက်ပါ။
·         မမျှော်လင့်ဘဲအရှိန်မြှင့်တက်လာပြီး အက်ဆီးဒန့်ဖြစ်လို့ သေတတ်သည်။

ကားရပ်နားစဉ်
·         အင်ဂျင်ရဲ့လီဗာကို မလိုအပ်ဘဲ သွားမနင်းပါနဲ့။
·         P / N ကလွဲလို့ တခြားဂီယာဝင်နေရင် သင့်ကားကမမျှော်လင့်ဘဲ ထထွက်သွားပြီး အက်ဆီးဒန့်ဖြစ်တတ်တယ်။
·         ကားကိုစက်နှိုးထားပြီး အကြာကြီးမထားခဲ့ပါနှင့်။ အကယ်၍ရှောင်နိုင်ရင်တော့ ကားကို ကွင်းပြင်မှာရပ်ထားခဲ့ပြီးမီးခိုးတွေ ကားထဲမ၀င်အောင်စစ်ဆေးပြီးမှ ထားခဲ့ပါ။
·         ကားစက်နိုးနေစဉ် ကားလိမ့်မသွားစေဖို့ အမြဲဘရိတ်ကိုနင်းထားပါ၊ လိုအပ်ရင် ပါကင်ဘရိတ်သုံးပါ။
·         ကားကိုဆင်ခြေလျှောမှာရပ်ရရင်တော့ ဘရိတ်နင်းပြီး ပါကင်ဘရိတ်ပါဆွဲထားပါ။
·         အင်ဂျင်ကို လီဗာနင်းခြင်းမှ ရှောင်ကျဉ်ပါ။ ရပ်ထားစဉ် လီဗာနင်းရင် မီးခိုးပိုက်က အပူချိန်တက်လာပြီး အနားမှာ လောင်စရာရှိရင် ထ မီးလောင်တတ်တယ်။

 ကားပါကင်ထိုးစဉ်
·         ကားကိုနေပူထဲမှာ ရပ်ထားခဲ့ရမယ်ဆိုရင် ကားထဲမှာ မျက်မှန်၊ မီးခြစ်၊ စပရေးဗူး၊ အချိုရည်သံဗူး တွေကို မထားခဲ့ပါနှင့်။ အဲလိုထားခဲ့မယ်ဆိုရင် အောက်ကဟာတွေဖြစ်နိုင်တယ်။
o   မီးခြစ်နဲ့စပရေးဗူးတွေက ဂက်စ်တွေ စိမ့်လာပြီး မီးလောက်စေနိုင်တယ်။
o   ကားထဲမှာ အပူချိန်မြင့်လာလို့ ထားခဲ့တဲ့ ပလပ်စတစ်မျက်မှန်တွေမှာ ကွဲကြောင်းတွေပေါ်နိုင်တယ်
o   သံဗူးအချိုရည်တွေက အက်ကွဲလာပြီး ကားထဲမှာ ပန်းထွက်လာမယ်၊ အနားမှာရှိတဲ့ လျှပ်စစ်ဝါယာတွေကို သွားထိပြီး ၀ါယာလျှော့ဖြစ်တတ်တယ်။
o   ကားပါကင်ဘရိတ်ကိုဆွဲ၊ ဂီယာကို P ကိုရွှေ့၊ အင်ဂျင်ရပ်ပြီး ကားကိုသော့ခတ်ခဲ့ပါ။ ကားစက်နိုးထားစဉ် ကားကိုပစ်ပြီး မထားခဲ့ပါနှင့်။
o   မီးခိုးပိုက်ကို စက်နှိုးထားစဉ် သို့ စက်ရပ်ပြီးခါစမှာ သွားမကိုင်ပါနှင့်။ အပူလောင်လိမ့်မယ်။
o   ဆီးနှင်းတွေအရမ်းကျနေတဲ့နေရာတွေမှာ စက်မနှိုးဘဲထားခဲ့ပါ။ ဆီးနှင်းက အရမ်းထူလာရင် မီးခိုးတွေက အပြင်ထွက်မရတော့လို့ ကားအတွင်းကိုပြန်ဝင်သွားတယ်။ အဲလိုဖြစ်ရင် သေသည်အထိ လူကိုထိခိုက်စေနိုင်တယ်။

ကားထဲမှာခဏအိပ်ငိုက်မယ်ဆိုရင
·         စက်ကိုအမြဲရပ်ပြီးမှအိပ်ပါ။ မတော်တဆ ဂီယာကိုသွားရွှေ့တာတို့၊ လီဗာကိုနင်းမိတာတို့ ဖြစ်ပြီး စက်ပူလာလို့ ထမီးလောင်တတ်တယ်။
·         ဒီ့အပြင် ကားကို လေမသာတဲ့နေရာမှာရပ်အိပ်ရင် မီးခိုးတွေစုလာပြီး များလာတော့ ကားထဲကို ၀င်၊ အိပ်နေသူကို သေစေသည်အထိ ဒုက္ခပေးနိုင်တယ်။

ကားဘရိတ်အုပ်ရင်
·         ဘရိတ်တွေစိုနေရင် ပိုဂရုစိုက်မောင်းပါ။
·         ရေစိုနေရင် ဘရိတ်အုပ်မိမယ့် အကွာအဝေးလည်း ပိုယူရတယ်။ ဘရိတ်တခြမ်းထဲရေစိုရင်လည်း ဘရိတ်က ကောင်းကောင်းအလုပ်မလုပ်ဘူး။ ပါကင်ဘရိတ်လည်း စိတ်ချလောက်အောင် ကားကို ဖမ်းပေးထားနိုင်ဘူး။
·         ဘရိတ်အကူစနစ်က ကောင်းကောင်းအလုပ်မလုပ်ရင်၊ တခြားကားတွေကိုကပ်မလိုက်နဲ့၊ ဘရိတ်သုံးဖို့လိုအပ်တဲ့ တောင်ဆင်းလမ်း၊ အကွေ့များတဲ့လမ်းတွေကိုရှောင်ပါ။ ဒီလိုအချိန်တွေမှာ ဘရိတ်ကို ပိုနင်းပေးရလို ဘရိတ်မိမယ် အကွာအဝေးလည်းတိုးသွားပါတယ်။
·         စက်ရပ်ထားစဉ် ဘရိတ်ကိုနင်းလိုက်ဖွလိုက်မဆော့ရဘူး။ အဲလိုလုပ်ခြင်းဖြင့် အရံထားသော ဘရိတ်များကို ကုန်ဆုံးစေပါတယ်။
·         ဘရိတ်စနစ်က ဟိုက်ဒရောလစ်စနစ် ၂ မျိုးပါတယ်။ တခုပျက်ခဲ့ရင် တခြားတခုက အလုပ်လုပ်ပေးတယ်။ တခုပျက်နေရင်တော့ ဘရိတ်ကို ပိုနင်းကသလို မိတဲ့ အကွာအဝေးလည်း ပိုများသွားတယ်။ ဘရိတ်တခုတည်းနဲ့ သင့်ကားကိုမမောင်းပါနှင့်။ အမြန်သွားပြင်လိုက်ပါ။
အထူးသတိထားရန်မှာ ကားကို တောင်စောင်းမှာ ထိန်းထားဖို့ လီဗာနဲ့ ဘရိတ်ကို တပြိုင်တည်းနင်းပြီး မကြိုးစားပါနှင့်။

ကားပါကင်ထိုးသောအခါ
·         ဂီယာကို အမြဲတမ်း P မှာထားပါ။ အဲလိုမထားထားရင် မတော်တဆ လီဗာကိုနင်းမိပါက ကားရုတ်ချည်းရွှေ့သွားတတ်သည်။

ကား၏အစိတ်အပိုင်းများကိုပျက်စီးစေခြင်းမှရှောင်ကြဉ်ခြင်း
·         ကားစတီရီယာရင်ကို တဖက်ထဲသို့ အပြည့်မလှည့်ရ (သို့ တနေရာတည်းမှာ အကြာကြီး ကိုင်မထားရ။ အဲလိုလုပ်ရင် စတီရီယာရင်ကိုထိန်းပေးတဲ့ မော်တာ ကို ပျက်စီးစေနိုင်တယ်။
·         လမ်းမကောင်းသောအခါ တာယာပျက်စီးခြင်းနှင့် ကားအောက်ပိုင်းပျက်စီးခြင်းမှကာကွယ်ရန် နှေးနိုင်သမျှ နှေးမောင်းရမည်။

ကားမောင်းနေစဉ် ဘီးပေါက်ပါက
ပြားသွားသောတာယာ သို့ ပျက်ဆီးနေသောတာယာတွေကြောင့် အောက်ပါတို့ကိုဖြစ်စေနိုင်သည်။ အဲလိုဖြစ်ရင် စတီရီယာရင်ကို သေခြာကိုင်ပြီး ဘရိတ်ကိုဖြည်းဖြည်းခြင်းနင်းပါ။
·         သင့်ကားကိုထိန်းသိမ်းဖို့ခက်သွားစေပါတယ်
·         ကားဆီက ပုံမှန်မဟုတ်တဲ့ အသံတွေ ထွက်လာမယ်
·         ကားက ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေလုပ်လိမ့်မယ်
ပျက်စီးသွားတဲ့တာယာကို အသစ်တခုနဲ့လဲပါ။

ရေလွှမ်းနေတဲ့ လမ်းကိုတွေ့သောအခါ
မိုးသည်းထန်စွာရွာပြီး ရေလွှမ်းနေသောလမ်းပေါ် မမောင်းပါနှင့်။ မောင်းရင်အောက်ပါ ဆိုးရွားတဲ့ ပျက်စီးမှုနဲ့ ကြုံရနိုင်တယ်။
·         ကားစက်ထိုးရပ်သွားခြင်း
·         ကားရဲ့လျှပ်စစ်ဝါယာလျှော့ဖြစ်ခြင်း
·         ကားစက်ထဲရေ၀င်လို့ ပျက်စီးခြင်း
တကယ်လို့ သင့်ကားကို ရေလျှံနေတဲ့လမ်းပေါ်မောင်းမိရင် ကျွမ်းကျင်သူနဲ့အောက်ပါတို့ကိုစစ်ဆေးပါ။
·         ဘရိတ်ကောင်းမကောင်း
·         အင်ဂျင်ဝိုင် အရည်အသွေး ကောင်းမကောင်း
·         ဘယ်ယာရင်နဲ့ အောက်ဒူးဆစ် တွေရဲ့ ချောဆီတွေကောင်းမကောင်း၊

ကားစက်နိုးမယ်
ကားစက်ဖွင့်ရာမှာ အဆင့်လေးဆင့် ရှိပါတယ်။ အဲဒါတွေကတော့ LOCK, ACC, ON & START. ကားသော့လှည့် တဲ့နေရာမှာ မြင်နိုင်ပါတယ်။
1.    လော့ = စတီယာရင်ကို သော့ခတ်ပြီးမှ ကားသော့ကဖြုတ်လို့ရတယ်။ ဂီယာက P မှာမဟုတ်ရင်လည်း သော့ကိုဆွဲနှုတ်လို့ရမှာ မဟုတ်ပါဘူး။
2.    အေစီစီ = တချို့ ကားရဲ့အစိတ်အပိုင်းတွေ (အသံစနစ်) ကို ဒီအဆင့်မှာဖွင့်ရတယ်။
3.    အွန် = လျှပ်စစ်နဲ့ဆိုင်တဲ့ ခလုပ်အားလုံး သုံးနိုင်ပြီ။
4.    စတပ် = အင်ဂျင်စနိုးပါတယ်။

အင်ဂျင်စနိုးခြင်း
1.    ပါကင်ဘရိတ် ချထားမထားစစ်ပါ
2.    ဂီယာ P မှာ ရှိနေလား စစ်ပါ
3.    ကားမောင်းသူရဲ့ ထိုင်ခုံမှာတိုင်ပြီး ဘရိတ်တံကို သေချာစွာနင်းထားပါ။
4.    အင်ဂျင်ခလုတ်ကို START ရောက်သည်ထိလှည့်ပြီး အင်ဂျင်ကိုနိုးပါ။
အင်ဂျင်သံပေးပြီး စက္ကန့် ၂၀ အတွင်း စက်နိုးပါလိမ့်မယ်။ စက်နိုးဖို့ကြိုးစားစဉ် ဘရိတ်ကို တောက်လျှောက် အင်ဂျင်စက်နိုးသည်အထိ နင်းထားရမယ်။

သတိပြုရန်
စက်စတင်နိုးသောအခါ
·         ကားမောင်းသူရဲ့ထိုင်ခုံမှာထိုင်ပြီးမှ အမြဲစက်ကိုနိုးပါ။
·         ဘယ်လိုအခြေအနေမှာဖြစ်ပါစေ၊ လီဗာနင်းပြီး စက်မနိုးရ။
·         လီဗာနင်းစက်နိုးရင် အက်ဆီးဒန့်ဖြစ်လို့သေနိုင်သည်။

ကားမောင်းနေစဉ်
·         အင်ဂျင်ခလုတ်ကို နောက်ပြန်ပြီး LOCK ရောက်အောင် မလှည့်ရ။
·         အရေးပေါ်အခြေအနေတွင်တော့ ကားသွားနေတုန်း စက်ကိုရပ်နိုင်ပေမယ့် သော့ကို ACC ထိပဲပြန်လှည့်ရမယ်။

သတိထားရန်
ဘက်ထရီအားကုန်ခြင်းမှကာကွယ်ရန်
·         စက်ကိုရပ်ထားစဉ် ကားသော့အား ACC or ON နေရာမှာ အကြာကြီးမထားရပါ။

ကားစက်စနိုးစဉ်
·         ကားသော့လှည့်စက်နိုးရာတွင် တကြိမ်မှာ ၃၀ စက္ကန့်ထက်ပိုမကြိုးစားရ။ အဲလိုလုပ်ရင် စတပ်တာ နဲ့ ၀ါယာရင်းစနစ်တွေမှာ အပူလွန်ကဲစေတတ်တယ်။
·         အေးစက်နေတဲ့ စက်ကို အရမ်းမနိုးရ။
·         သင့်စက်ဟာ မကြာခဏဆိုသလို အနိုးရခက်နေရင်တော့ ၀ပ်လျှော့ပို့ပြီး အမြန်စစ်ဆေးသင့်ပါတယ်။

ဂီယာချိန်းခြင်း
·         အင်ဂျင်စက်နိုးနေတုန်း ဘရိတ်နင်းပြီးမှ ဂီယာရွှေ့ပါ။

ဂီယာများ၏လုပ်ဆောင်ချက်မျာ
·         P = ကားကိုပါကင်ထိုးရန်၊ သို့ အင်ဂျင်စက်နိုးရန်
·         R = ကားနောက်ဆုတ်ရန်
·         N = ဖရီးဂီယာ၊ ကားပျက်လို့ ဆွဲလျှင် သုံးရန်
·         D = သာမန်အခြေအနေမှာ ကားကိုမောင်းရန်။
·         3 = စက်ကိုမောင်းနေစဉ် သတ်ရန်
·         2 = ပိုစွမ်းအားထက်သော စက်သတ်ရန်
·         L = စက်သတ်ရန်အကောင်းဆုံးအခြေအနေ

ပါကင်ဘရိတ် သို့ ဟန်းဂီယာ
·         ဘရိတ်ကိုနင်းထားစဉ် ပါကင်ဘရိတ်ကိုဆွဲပါ။
·         ပါကင်ဘရိတ်ဆွဲလျှင် ဒက်ရှ်ဘုတ်မှာ မီးလင်းလာမည်။

ပါကင်ဘရိတ် ပြန်ဖြုတ်ရန်
·         ဟန်းလီဗာကို ဖြည်းဖြည်းဆွဲမပါ။
·         ပြီးလျှင် ခလုတ်ကို နှိပ်ပါ။
·         ပြီးလျှင် ဟန်းလီဗာကို တွန်းချလိုက်ပါ။


သတိပြုရန် = ကားမမောင်းခင် ပါကင်ဘရိတ်ကို ဖြုတ်ပြီးပြီလားစစ်ပါ။ ပါကင်ဘရိတ်မဖြတ်ပဲမောင်းသွားရင် ဘရိတ်ရှူးတွေ အပူလွန်ကဲလာပြီး ဘရိတ်အုပ်နိုင်စွမ်းကို ကျဆင်းစေမှာဖြစ်သလို ဘရိတ်ရှုးတွေကိုလည်း စားသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment